အခမဲ့ဖြစ်သော်လည်း အဆင့်အတန်းအမြင့်ဆုံး (Free but Premium) ဖြစ်သော ပညာရေးစံနှုန်းတစ်ခုဖြင့် တစ်နိုင်ငံလုံးရှိ လူငယ်တို့၏ အနာဂတ်ဘဝကို မြှင့်တင်ပေးရန်။
မနောရမ္မပညာဒါနကျောင်းတိုက်ကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ မနောရမ္မကျောင်းတိုက် (ဥယျာဉ်တိုက်) တွင် အခြေစိုက်တည်ထောင်ခဲ့ပါသည်။ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယမိန္ဒ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ၏ လမ်းညွှန်မှုဖြင့် ကျောင်းသားပေါင်းထောင်ချီအား အရည်အသွေးမြင့် ပညာရပ်များ သင်ကြားပေးလျက်ရှိပြီး လူမှုစီးပွားဘဝမြှင့်တင်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိပါသည်။
Sayardaw Bhaddanta Wayaminda, the Chief Abbot and Patron of Manawramma Free Education Monastery School (Sanchaung, Yangon), has dedicated over 45 years to monastic service (Vassa). In recognition of his lifetime dedication to religious and social welfare activities, Sayardaw was honored with the prestigious national title "Aggamaha Saddhammajotikadhaja" in 2026. Under Sayardaw's compassionate guidance, the institution has flourished as a vital community hub hosting free educational programs, blood drives, library donations, and cultural preservation projects.
ရန်ကုန်စီးပွားရေးတက္ကသိုလ် ဝါရင့်ကထိကဟောင်းကြီးဖြစ်ပြီး၊ မနောရမ္မတွင် စီးပွားရေးနှင့် စာရင်းကိုင်ဘာသာရပ်များကို သင်ကြားပေးလျက်ရှိပါသည်။
အင်္ဂလိပ်စာနှင့် ဘာသာပြန်ကဏ္ဍတွင် ထိပ်တန်းဝါရင့်ပညာရှင်ကြီးဖြစ်ပြီး၊ ကျောင်းသားလူငယ်များ၏ အင်္ဂလိပ်စာစွမ်းရည်ကို မြှင့်တင်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံ၏ ထင်ရှားသော စာရေးဆရာ၊ ဘာသာပြန်ဆရာကြီးဖြစ်ပြီး၊ မနောရမ္မတွင် အင်္ဂလိပ်စာ၊ ဘာသာပြန်နှင့် အထွေထွေဗဟုသုတများကို ပို့ချပေးလျက်ရှိပါသည်။
သက်မွေးဝမ်းကျောင်းနည်းပညာရပ်များဖြစ်သော အီလက်ထရောနစ်နှင့် ကွန်ပျူတာဘာသာရပ်များကို လက်တွေ့အသုံးချစနစ်ဖြင့် စနစ်တကျ သင်ကြားပေးလျက်ရှိပါသည်။
LCCI စာရင်းကိုင်ဘာသာရပ်ကို အခကြေးငွေမယူဘဲ ကျောင်းသားလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် အဆင့်ဆင့် စေတနာရှေ့ထား သင်ကြားပေးလျက်ရှိပါသည်။
စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ စီမံခန့်ခွဲမှုများကို ကျောင်းသားများ လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရန် လမ်းညွှန်ပြသပေးလျက်ရှိပါသည်။